Why

VPS ဆိုတာ ဘာလဲ

အဝေးမှာ ရှိနေတဲ့ ကိုယ်ရဲ့ ကွန်ပျူတာ တစ်လုံးလို့တွေးကြည့်လိုက်။ အင်တာနက်ကနေမှတဆင့် လှမ်းသုံးလို့တော့ ရတယ်။ ထိတွေ့ကိုင်တွယ်လို့တော့ မရဘူး။ သုံးလို့ရနေတဲ့အတွက် ရှိနေမှန်းတော့ သိတယ်။ ဥပမာ လျှပ်စစ်ဆိုရင် မမြင်ရပေမယ့် ရှိနေမှန်းသိတယ်။ ဒီသဘောတရားကို Virtual လို့ခေါ်တယ်။ ထိကိုင်လို့ မရပေမယ့် ပုံမှန်ကွန်ပျူတာတစ်လုံးကို သုံးသလို သုံးလို့ရနေတဲ့အတွက် Virtual Computer လို့ သတ်မှတ်တာပါ။ ကွန်ပျူတာလောကမှာတော့ Virtual Machine (VM) လို့ ခေါ်ပါတယ်။ ကွန်ပျူတာ Operating System(OS) တစ်ခုပေါ်မှာ နောက်ထပ် OS တွေတင်နိုင်တဲ့ Virtual Machine တွေ ဖန်တီးလို့ရပါတယ်။ Virtualization Technology ဟုခေါ်ပါသည်။ သဏ္ဍာန်လုပ် သရုပ်တူအောင် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ Virtual Private Server […]

Posted in Why | Leave a comment

Linux ကို စတင်လေ့လာသူများ၏ အခက်အခဲ

ကျွန်တော်တို့ မည်သည့် Operating System (OS) ကိုသုံးသည်ဖြစ်စေ လိုအပ်သော လုပ်ငန်းအလိုက် အသုံးချဆော့ဝဲလ်တွေကို installation ပြုလုပ်ကြရပါတယ်။ Microsoft ၏ Windows OS, Apple ၏ Mac OS and iOS, Google ၏ Android OS နှင့် Linux OS and Unix OS အစရှိသည်ဖြင့် သက်ဆိုင်ရာ OS များအလိုက် application software များအား installation ပြုလုပ်ကြရ ပါတယ်။ windows OS နှင့် Android OS နှစ်ခုက end user တွေနဲ့ ထိတွေ့မှု အများဆုံး ဆိုတာလည်း ပြောစရာလိုမယ် မထင်ပါဘူး။ […]

Posted in Why | Leave a comment

Linux မှာ Software Installation လုပ်ခြင်း၏ သဘောသဘာဝ

Linux မှာ software တွေကို package များဖြင့် ဖွဲ့စည်းထားပါတယ်။ ထို့ကြောင့် Linux မှာ software installation လုပ်ခြင်းကို package installation လုပ်တယ်ခေါ်ပါတယ်။ Linux ဟာ library files တွေကို share လုပ်သုံးတာကြောင့် package တွေဟာ တစ်ခုပေါ်တစ်ခု ဆက်နွယ်မှီခိုနေကြတယ်။ package A ကို install လုပ်ဖို့အတွက် package B ကိုလိုတယ်။ package B ကလဲ နောက်ထပ် package C လိုတယ်။ package C သည်လည်း package A နှင့် အခြားသော package D,E,F ကို လိုအပ်တယ်။ ဒီလို တစ်ခုပေါ်တစ်ခု […]

Posted in Why | Leave a comment
Advertisements