VPS ကို စတင်အသုံးပြုခြင်း

ssh client တွင် VPS ရဲ့ IP address ဖြင့် login ဝင်ရောက်ရပါမည်။ user name မှာ root ဖြစ်ပါသည်။ root သည် linux တွင် administrator account ဖြစ်ပါသည်။ password တောင်းလျှင် VPS ဝယ်လျှင်ရသော password သို့မဟုတ် ကိုယ်တိုင် ဖန်တီးခဲ့သော password ထည့်ပါ။ log in ဝင်ရောက်ပြီးလျှင် command များကို စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ ပထမဆုံး OS ထဲမှာ ရှိတဲ့ package list များကို update လုပ်ရပါမယ်။ Linux OS တွေဟာ package များဖြင့် ဖွဲ့စည်းထားပါတယ်။ အင်တာနက်မှာ Linux OS အမျိုးအစားအလိုက် package တွေကို စုစည်းထားပေးတဲ့ FTP Server ကြီးတွေ ရှိပါတယ်။ အဲ့ server ကြီးတွေမှာ ရနိုင်မယ့် package များကို အမြဲ up to date တွေ တင်ပေးလျက်ရှိပါတယ်။ package lists တွေဟာ အမြဲပြောင်းနေတဲ့အတွက် အမြဲ up to date ဖြစ်နေဖို့ လိုပါတယ်။ ဒါကြောင့် Linux မှာ software or application တင်မယ် လုပ်တိုင်း အမြဲ ဒီ package list တွေ update လုပ်ဖို့ လိုပါတယ်။ ထို့နောက် ရှိပြီးသား packages တွေကိုလဲ update လုပ်ဖို့ လိုပါတယ်။
Debian အခြေခံ linux များ (Debian သို့မဟုတ် ubuntu) ဖြစ်လျှင်

apt update && apt upgrade -y

RPM အခြေခံ linux များ (centos သို့မဟုတ် fedora) ဖြစ်လျှင်

yum update -y

ပြီးလျှင် Desktop Environment ဖြင့် အသုံးပြုနိုင်ရန် Desktop Environment တစ်ခု install ပြုလုပ်ရပါ့မယ်။ Linux မှာ Desktop Enviroment များစွာရှိပါတယ်။ အနီးစပ်ဆုံး ဥပမာအနေနဲ့ ပြောရရင် ဖုန်းတွေမှာ Launcher တွေ ပြောင်းသုံးသလိုပါဘဲ။

  1. Unity
  2. GNOME
  3. ‎KDE
  4. Cinnamon
  5. ‎MATE
  6. ‎LXDE
  7. XFCE စသည်ဖြင့် များစွာရှိပါတယ်။

VPS မှာ pre install လုပ်ထားတာ server version ဖြစ်တဲ့အတွက် ဘာ Desktop Environment မှ မပါ ပါဘူး။ ထပ်မံ install ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ Lightweight Desktop ဖြစ်တဲ့ Xfce နှင့် LxDE ကို install လုပ်ပြီး အသုံးပြုတာက ပိုကောင်းပါတယ်။

ဥပမာအားဖြင့် Xfce Desktop environment ကို install လုပ်လို့လျှင် အောက်ပါ command များကို အသုံးပြုရပါမည်။ install ၏  နောက်တွင် အခြားထည့်သွင်းလို့သည့် package မျာကို ဆက်တိုက်space ခြားပြီး ထည့်သွင်းနိုင်ပါသည်။ အထက်တွင် ပြခဲ့သော update && upgrade များကို && နှင့် ဆက်ပြီး တဆက်တည်း ရိုက်နိုင်ပါသည်။ -y ဆိုသည်မှာ yes or no မေးလာလျှင် yes ဟု ဖြေခိုင်းခြင်းပါ။

Debian အနွယ်ဝင်များ  ဖြစ်လျှင်

apt install -y xfce4 xfce4-goodies xrdp firefox && systemctl start xrdp && systemctl enable xrdp && echo “xfce4-session” > ~/.xsession && chmod a+x ~/.xsession

RPM အခြေခံ Linux များ ဖြစ်လျှင်

yum -y groupinstall xfce && yum -y install xrdp firefox && systemctl start xrdp && systemctl enable xrdp && echo “xfce4-session” > ~/.Xclients && chmod a+x ~/.Xclients

အထက်ပါ command များကို ဆောင်ရွက်ပြီးလျှင် Linux VPS ကို Desktop Environment ဖြင့် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ VPS များသည် ရောင်းချသည့် ကုမ္ပဏီကွဲပြားလျှင် VPS များ၏ feature များလဲ အနည်းနှင့်အများ မတူညီကြပါ။ အထက်ပါ command များသည် VPS အတော်များများမှာ အသုံးပြုလို့ရပေမယ့် အကုန်လုံးနှင့် ကိုက်ညီမည်ဟု မဆိုနိုင်ပါ။ ယေဘုယျဆန်ဆန် ရေးသားထားခြင်း သာဖြစ်ပြီး ထုတ်ပြသည့် message များပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*