LINUX VPS KNOW-How

Phone နှင့် VPS အသုံးပြု၍ Linux လေ့လာနည်း

Linux ကို လေ့လာချင်ရင် Linux OS လက်ထဲမှာ ရှိဖို့လိုပါတယ်။ ဖုန်းရှိရုံဖြင့် ငွေကုန်ကြေးကျမများဘဲ Linux OS ကိုလေ့လာနိုင်ပါသည်။ ဒီလေးမျိုးရှိရင် လေ့လာလို့ရပါပြီ။ ဘာတွေလဲဆိုတော့

  1. Smart phone
  2. VPS
  3. SSH Client (e.g juiceshh)
  4. RDP Client (e.g Microsoft Remote Desktop)

Smart Phone။ ဖုန်းသည် အင်တာနက် ရှိရမည်။ speed အရမ်းကောင်းရန် မလိုပါ။ Android or iOS နှစ်သက်ရာ ဖြစ်နိုင်ပါသည်။

Virtual Private Server – VPS။ အင်တာနက်ပေါ်က ၂၄ နာရီ အင်တာနက် အဆက်အသွယ်ရှိနေမယ့် ကိုယ်ပိုင်ဆာဗာအတုလို့ ပြောလို့ရပါတယ်။ မီးပျက်တယ် ဆိုတာလဲ မရှိနိုင်ပါဘူး။ အင်တာနက် service company ကြီးတွေရဲ့ Server computer ကြီးတွေကနေ processing power ကို ကွန်ပျူတာတစ်လုံးသဖွယ် အနည်းငယ်ခွဲရောင်းတဲ့ သဘောလို့ အလွယ်ပြောနိုင်ပါတယ်။ တကယ့် Physical ကွန်ပျူတာမဟုတ်ပါဘူး။ သို့သော် တကယ့်ကွန်ပျူတာသဖွယ် ကိုယ်စိတ်ကြိုက် စီမံခန့်ခွဲနိုင်ပါတယ်။ ထို့ကြောင့် Virtual Private Server ဟုခေါ်တာပါ။ ဈေးချိုပါတယ်။ အစားစား ရှိပါတယ်။ ၂၄ နာရီ မီးမပျက်ဘဲ အင်တာနက်ရနေမယ့် virtual ကွန်ပျူတာတွေဖြစ်လို့ တကယ်အသုံးပြု သူများ၊ website တင်ခြင်းများ၊ online ကိစ္စဆောင်ရွက်ခြင်းများ အတွက် တွက်ခြေ ကိုက်ပြီး တန်ပါတယ်။ ထိုသို့ Virtual မဟုတ်ဘဲ Physical ကွန်ပျူတာများလဲ ဝယ်လို့ရ ပါတယ်။ ၎င်းတို့ကို Dedicated Server ဟုခေါ်ပါတယ်။ VPS များကို ဘယ်ကရနိုင်သလဲ ဆိုရင် Internet hosting company ကြီးတွေဆီကနေ လစဉ်ကြေး၊ နှစ်စဉ်ကြေးနဲ့ ငှားသုံးရပါတယ်။ တနည်းအားဖြင့် တစ်လ အသုံးပြုခွင့်၊ တစ်နှစ်အသုံးပြုခွင့် ဝယ်သုံးခြင်းဖြစ်ပါတယ်။ internet မှာ VPS ရောင်းတဲ့ website များစွာရှိပါတယ်။ visa, master, paypal စသည်များဖြင့် ဝယ်ရပါတယ်။ ဝယ်လိုက်တဲ့အခါမှာ IP address, username နဲ့ password တစ်ခုစီရပါတယ်။ IP address က ကိုယ့် VPS ရဲ့ ကိုယ်ပိုင်လိပ်စာလို့ ဆိုကြပါစို့။ username နဲ့ password က VPS မှာ pre install လုပ်ထားတဲ့ linux OS ထဲကို log in ဝင်ဖို့ပါ။ Server OS တင်ပြီးသား ဖြစ်ပါတယ်။ GUI (Desktop) မပါသော command line ဖြင့် အသုံးပြုရမည့် server OS ဖြစ်ပါတယ်။ Desktop ကို ကိုယ်တိုင်တင်ယူရမှာပါ။

SSH client။ SSH Client ဆိုတာ VPS ရဲ့ server OS ကို ချိတ်ဆက်ပြီး အသုံးပြုဖို့ပါ။ SSH ဆိုတာ secure shell ကိုခေါ်တာပါ။ network ချိတ်ဆက်တဲ့ protocol တစ်ခုပါ။ protocol ဆိုတာ ကွန်ပျူတာတွေ အချင်းချင်းဆက်သွယ်တဲ့ ဘာသာစကားလို့ အလွယ်နားလည်လိုက်ပါ။ အင်တာနက်ကြီးဟာ TCP/IP လို့ခေါ်တဲ့ ပင်မအခြေခံ network protocol ဖြင့် ချိတ်ဆက်တာပါ။ secure shell protocol ကတော့ TCP/IP ရဲ့အပေါ်မှာမှ လုံခြုံစိတ်ချစွာ ဆက်သွယ်နိုင်အောင် ပြုလုပ်ထားတဲ့ protocol ဖြစ်ပါတယ်။ sever-client ချိတ်ဆက်မှုတွေမှာ အသုံးများပါတယ်။ server OS တွေမှာ built-in ပါပြီးသားပါ။ ကျွန်တော်တို့က ဖုန်းမှာ ssh protocol ဖြင့် အလုပ်လုပ်တဲ့ client တစ်ခု install လုပ်သုံးရုံပါဘဲ။ ကျွန်တော်တို့ရဲ့ android ဖုန်းများကလဲ Linux OS အခြေခံတွေပါ။ iPhone ၏ iOS ဟာလဲ Linux ရဲ့ နောင်တော်ကြီး Unix kernel ကို အခြေခံထားတာပါ။

RDP Client။ Remote Desktop Protocol လို့ခေါ်ပါတယ်။ Command Line (CLI) ဖြင့် မဟုတ်ဘဲ ကိုယ့် VPS ရဲ့ (GUI) Desktop ကို မြင်ရပြီးအသုံးပြုဖို့ပါ။ အင်တာနက်တွေ ၊ network တွေမှာရှိတဲ့ ကိုယ့်ကွန်ပျူတာကို အဝေးကနေ ဝင်ရောက်အသုံးပြုဖို့ပါ။

အားသာချက်များ။ ၂၄ နာရီ အင်တာနက်ရပြီး မီးမပျက်တဲ့ ဆာဗာကွန်ပျူတာကို ဈေးချိုချိုနဲ့ သုံးရမှာပါ။ package install လုပ်ရင်လဲ အင်တာနက်ဖိုး ဖုန်းဘေလ် မကုန်ပါဘူး။ linux မှာ software install လုပ်တာကို package install လုပ်တယ်လို့ခေါ်ပါတယ်။

အားနည်းချက်။ physical ကွန်ပျူတာကို ကိုင်သုံးသလောက် အားရချင်မှ ရပါလိမ့်မယ်။

Exit mobile version