fbpx

“ယူနိုက်အနေနဲ့ တန်းဆင်းဇုန်နဲ့ ရမှတ် ၅မှတ်ပဲ ကွာဟနေခဲ့တာပါ။ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ အပြီးတွင် ယူနိုက်တက်အနေနဲ့ နိုင်ပွဲ ၃ပွဲသာရရှိထားခဲ့တာလည်းဖြစ်ပါတယ်။” ဘုန်းမောက်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးတွင် ယူနိုက်တက်အသင်းပရိသတ်အချို့အနေနဲ့နည်း ပြဆိုးလ်ရှားအပေါ် ဝေဖန်မှုများပြုလုပ်ခဲ့သလို ဗြိတိန်မီဒီယာတစ်ခုဖြစ်တဲ့ TheSunသတင်းစာကလည်း ယူနိုက်တက်ကို ဖျက်စီးနေခဲ့သူလို့ အဓိပ္ပါယ်ရတဲ့ အသုံးအနှုန်းအချို့နဲ့ဖော်ပြလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ လက်ရှိရာသီအစတွင် နောက်တန်းကစားသမားကောင်းတွေဖြစ်တဲ့ မက် ဂွိုင်းယား၊ ဝမ်ဘစ်စကာတို့ကို ခေါ်ယူခဲ့ပေမယ့်လည်း ပွဲစဉ် ၁၁အပြီးမှာတင် ရှုံးပွဲ ၄ပွဲအထိရှိလာခဲ့ခြင်း နဲ့အတူ အမှတ်ပေးဇယားအဆင့် ၁၀ နေရာအထိ ဆင်းပေးခဲ့ရတာလည်းဖြစ်ပါတယ်။ OptaJoe ရဲ့ဖော်ပြချက်တွင်လည်း ယူနိုက်တက်အနေနဲ့ ၁၁ပွဲမှာ ရမှတ် ၁၃မှတ်သာရရှိထားခဲ့ခြင်းက နှစ်ပေါင်း ၃၃နှစ်အတွင်း အဆိုးရွားဆုံးအခြေအနေတစ်ခုဖြစ်ခဲ့ပြီး ဂန္ထဝင်နည်းပြဟောင်းဖာဂူဆန်အနား ယူခဲ့ပြီးတဲ့နောက်ပိုင်း လိုအပ်ချက်အမြင့်ဆုံးဖြစ်လာခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။ လက်ရှိမှာ အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်လာနိုင်တယ်လို့ ထွက်ပေါ်နေတဲ့သတင်းဂယက်ကြော င့်…

Read More

နိုင်ငံကိုယ်စားပြုအသင်းတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ WESG S.E.A ပြိုင်ပွဲမှာတော့ မြန်မာ Dota 2 အသင်းဟာ လာအိုအသင်းကို တတိယနေရာလုပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိမလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာကျင်းပနေတဲ့ WESG SEA 2019 Finals ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု Dota2 အသင်းဖြစ်တဲ့ Team Cyanide ဟာ တတိယနေရာကိုရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲကြီးမှာ အရှေ့တောင်အာရှတွင်းက ၁၀ နိုင်ငံစလုံး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအသင်းဟာ Esports ကို တရားဝင်အသိအမှတ်ပြုအားပေးနေတဲ့ မလေးရှား၊ စင်ကာပူ တို့လို နိုင်ငံတွေကို အုပ်စုတွင်းမှာ အနိုင်ယူကျော်ဖြတ်ကာ နောက်ဆုံး ၄ သင်းအဆင့်အထိကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာ လက်ရှိကမ္ဘာ့အဆင့် နံပါတ် ၂ နေရာက TNC(ဖိလစ်ပိုင်)အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး ၂ ပွဲပြတ်ရှုံးနိမ့်ခဲ့ပေမယ် Game…

Read More

လိဒ်အနေနဲ့ ဒီရာသီ ချန်ပီယံရှစ်မှာ ၁၅ ပွဲကစား ၈ ပွဲနိုင် ၄ပွဲသရေ ၃ ပွဲရှုံးပြီး ဝက်စ်ဘရွန်းထက် တစ်ပွဲ ပိုကစားကာ အဆင့် ၁ မှာ ယာယီ ရယူထားပါတယ်။ ၂၀၀၃-၀၄ ဘောလုံးရာသီမှာ အဆင့် ၁၉ နဲ့ တန်းဆင်းပြီးနောက် ပရီးမီးယားလိဂ်ကို တန်းပြန်တက်မလာနိုင်တော့ တာ ၁၆ နှစ် ရှိပြီဖြစ်တဲ့လိဒ်ယူနိုက်တက်အသင်းကတော့ လက်ရှိမှာ ချန်ပီယံရှစ်ရဲ့ အမှတ်ပေးဇယားကို ဦီးဆောင် နေပြန်ပါပြီ။ ဒီနှစ်မှာတော့ လိဒ်ယူနိုက်တက်အသင်းအနေနဲ့ ၁၅ ပွဲကစားပြီးချိန်မှာ ရမှတ် ၂၈ မှတ်ရရှိထားပြီး အဆင့် ၁ နဲ့ ဦီးဆောင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနေ့မှာ ဝက်စ်ဘရွန်းအသင်းကစားဖို့ကျန်နေသေးပြီး အနိုင်ရခဲ့မယ်ဆိုရင်တော့ အဆင့် ၂ နေရာကို ပြန်ဖယ်ပေးရပါမယ်။…

Read More

အာရှတိုက်က ဂျပန်၊တောင်ကိုရီးယားတို့ ၁၆သင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းထားသလို ဩစတြေးလျ အသင်းလည်း အကောင်းဆုံး အုပ်စု တတိယရအသင်းအနေနဲ့ နောက်တစ်ဆင့် တက်ဖို့အခြေအနေကောင်းကို ပိုင်ဆိုင်ထားပါတယ်။ ဘရာဇီးက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၁၉ ခုနှစ် ယူ-၁၇ အမျိုးသား ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အာရှတိုက် ကိုယ်စားပြုအသင်းတွေ ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီလို့သိရပါတယ်။ လက်ရှိမှာတော့ အုပ်စုပွဲတွေ ပြီးလို့ ၁၆သင်းအဆင့် ရှံးထွက်ပြိုင်ပွဲကို ရောက်ရှိနေပြီဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲတွေ မှာ ဂျပန်က ဆီနီဂေါကို ၁-၀ ဂိုးနဲ့လည်းကောင်း၊တောင်ကိုရီးယားက ချီလီကို ၂-၁ ဂိုးနဲ့လည်းကောင်း အသီးသီး အနိုင်ရခဲ့ကြပြီး ၁၆ သင်းအဆင့်ကို တက်လှမ်းခဲ့တာပါ။ ဂျပန်အသင်းက အုပ်စုဗိုလ်နဲ့နောက်တစ်ဆင့်ကို တက်လာခဲ့သလို တောင်ကိုရီးယားကလည်း ၂ ပွဲနိုင် ၁ပွဲရှုံးပြီး ၆မှတ်နဲ့ အုပ်စု ဒုတိယနဲ့တက်ခဲ့တာပါ။ ပြိုင်ပွဲရဲ့…

Read More

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဇန်နဝါရီအ ပြောင်းအ ရွှေ့ကာလမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ကို အဓိကဦးစားပေးအဖြစ် သတ်မှတ်ထားပြီး မျက်နှာသစ်ကစားသမားမဟုတ်တဲ့ ကစားသမားတစ်ဦး အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာနိုင်တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ မကြာသေးမီကမှ ခရစ်စမတ်ကာလအပြီးမှာ လူကာကူနဲ့ ဆန်းချက်ဇ်တို့ထွက်ခွာပြီးနောက် လိုအပ်နေတဲ့ တိုက်စစ်ကစားသမားကို ခေါ်ယူပေးဖို့ အသင်းကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ၂ ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၃ ဂိုး သွင်းယူပေးခဲ့ပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ မာရှယ်ကလည်း ပြီးခဲ့တဲ့နောဝစ်နဲ့ပွဲစဉ်မှာ တစ်ဂိုး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝါရင့်တိုက်စစ်မှူးဟောင်း ဇလာတန်အီဘရာဟီမိုဗစ်ကို ဆက်သွယ်မှုပြုလုပ်ခဲ့တယ်လို့ Tutto Mercato Web ရဲ့ ဖော်ပြချက်အရ သိရပြီး အီဘရာဟီမိုဗစ်ဟာ ၂၀၁၉ မေဂျာလိဂ်ရာသီမှာ…

Read More

ဒီနေ့ည ၇ နာရီမှာတော့ ပရီးမီးယားလိဂ်ရဲ့ အစောဆုံးပွဲစဉ်အဖြစ် ဘုန်းမောက် နဲ့ ယူနိုက်တက်တို့ ရင်ဆိုင်ခဲ့ကြရပါတယ်။ နောက်ဆုံးပွဲတွေမှာ ရလဒ်တွေဆိုးနေခဲ့တဲ့ ဘုန်းမောက်နဲ့ အဝေးကွင်းသုံးပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့တဲ့ ယူနိုက်တက်တို့ တွေ့ဆုံခဲ့ရာမှာ ယူနိုက်တက်အတွက် လွယ်ကူမယ်ထင်ခဲ့ပေမယ့်လည်း တော်တော်လေးရုန်းကန်သွားခဲ့ရပါတယ်။ နိုင်ပွဲပြန်ရဖို့အတွက် ဘုန်းမောက်က အိမ်ကွင်းမှာ အားထည့်ကစားခဲ့ပြီး ယူနိုက်တက်ကလည်း မပါဝင်နိုင်ဘူးလို့ သတင်းတွေထွက်နေခဲ့တဲ့ ကစားသမားတွေအားလုံးပါဝင်ခဲ့ပြီး အဝေးကွင်းမှာ လူစုံတက်စုံနဲ့ ကစားခဲ့ပါတယ်။ ပွဲအစောပိုင်းမှာ ယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ကစားခဲ့ပြီး ဖိအားပေးနိုင်ခဲ့ပေမယ့် ဘုန်းမောက်နောက်တန်းကို ကျော်ဖြတ်ဖို့ ခက်ခဲနေခဲ့ပါတယ်။ ဘုန်းမောက်ကတော့ တိုက်စစ်ဆင်ချိန်တိုင်းမှာ ထိရောက်တဲ့ကစားဟန်ကို ပြသခဲ့ပြီး ယူနိုက်တက်ကို ခြိမ်းခြောက်ခဲ့ပါတယ်။ ဒီအတွက်ကြောင့်ပဲ ပထမပိုင်းပြီးခါနီးမှာ ဂျွန်ရှူအာကင်းရဲ့ အားထုတ်မှုကနေ ဘုန်းမောက်တို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးက ယူနိုက်တက်အတွက် ဖိအားဝင်စေခဲ့ပြီး ဒုတိယပိုင်းမှာ တိုက်စစ်ကို အသားကုန်ဖွင့်ဆော့ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။…

Read More

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ တချိန်တည်း ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အာဆင်နယ်နဲ့ ဝုဗ်၊ အက်စ်တွန်ဗီလာနဲ့ လီဗာပူး၊ မန်ချက်စတာစီးတီးနဲ့ ဆောက်သမ်တန်တို့ရဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းက ဝုဗ်နဲ့ တစ်ဖက် ၁ ဂိုးစီသရေ၊ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းက အက်စ်တွန်ဗီလာကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီး မန်ချက်စတာစီးတီးအသင်းက ဆောက်သမ်တန် အသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ် ၁-၁ ဝုဗ် အာဆင်နယ်နဲ့ ဝုဗ်အသင်းတို့ရဲ့ပွဲစဉ် ပထမပိုင်းစတင်ချိန်ကတည်းက တစ်ဖက်နဲ့တစ်ဖက် အကြိတ်အနယ်ရှိခဲ့ကြပြီး ဂိုးပေါက်ကန်သွင်းမှုတွေ အများအပြားကို မြင်တွေ့ခဲ့ရပါတယ်။ ၂၁ မိနစ်မှာ အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုး အော်ဘာမီယန်းက လာကာဇက်ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဝုဗ်အသင်းက အိမ်ရှင်အာဆင်နယ်အသင်းကို ချေပဂိုး သွင်းယူနိုင်ဖို့…

Read More


Read More

အက်စ်ပန်ညို – ဗလင်စီယာ (စနေညနေ ၆း၃၀ နာရီ) နည်းပြ ပါရင်လက်ထဲမှာ အက်စ်ပန်ညို တက်ရိပ်တော့ပြ လာတယ်။ အထူးသဖြင့် ခံစစ်ပိုင်းကို ကျစ်လျစ်အောင်ဦးစားပေး ပြင်ဆင်နေတာမျိုးလည်း တွေ့နေရတယ်။ ဗလင်စီယာကလည်း အဝေးကွင်းမှာ ထိန်းကစားနိုင်ဖို့ပဲ ဦးစားပေးနေပြီး တိုက်စစ်က ဂိုးသွင်းနှုန်း အားနည်းနေတာတွေ့ရတယ်။ အခုနောက်ပိုင်း ဆိုရင် ထိန်းကစားနေတဲ့ကြားက ဂိုးတွေလည်းပေးနေရတာတွေ့ ရလို့ ကစားပုံတည်ငြိမ်စပြုလာနေတဲ့ အက်စ်ပန်ညိုကို အဝေး ကွင်းမှာ မနည်းထိန်းကစားရဦးမယ်ထင်တယ်။ လက်ရှိခြေစွမ်း အရတော့ ဂိုးနည်းသရေပွဲလို့ပဲထင်တယ်။ လီဗန်တေး – ဘာစီလိုနာ (စနေည ၉း၃၀ နာရီ) လီဗန်တေးဟာ အိမ်ကွင်းမှာ  ဘာစီလိုနာကိုအခက်တွေ့ အောင်လုပ်ပြနိုင်လေ့ရှိ်တဲ့ အသင်းတွေထဲမှာပါတယ်။ အိမ် ကွင်းမှာ ဘာစီလိုနာကိုရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး (၂)ကြိမ်စလုံး လည်း အနိုင်ရထားတယ်။ ဘာစီလိုနာကလည်း…

Read More

ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) ရဲ့ စနေနေ့မှာတော့ အစောဆုံးပွဲစဉ်အဖြစ် ဘုန်းမောက်နဲ့ ယူနိုက်တက်တို့ ကစားသွားမှာပါ။ ဒီပွဲကတော့ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံအဝေးကွင်းမှာ လေးပွဲဆက်တိုက် ကစားရတာဖြစ်ပြီး ပြီးခဲ့တဲ့ ၃ပွဲစလုံးကိုတော့ သူတို့ကအနိုင်ယူခဲ့ပါတယ်။ ဘုန်းမောက်ကတော့ အက်ဒီဟိုဝီရဲ့ လက်ထက်မှာ ခြေစွမ်းကောင်းတဲ့အသင်းဖြစ်ပြီး ယူနိုက်တက်နဲ့ ရမှတ်တူနေတဲ့အသင်းဖြစ်ပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီးတေ့ာ သုံးသပ်ပေးရမယ်ဆိုရင်တော့..။ နှစ်ဖက်အသင်းသတင်း – ဘုန်းမောက်မှာ ကွင်းလယ်လူဂေါ့စလင်းပါဝင်လာမယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒေးဗစ်ဘရော့ခ် နဲ့ စတန်နီစ်လက်စ်တို့ကတော့ ဒဏ်ရာကြောင့် လွဲချော်မယ်လို့ သိရပါတယ်။ – ယူနိုက်တက်မှာလည်း ရက်ရှ်ဖို့ဒ်၊ လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားတို့ ပါဝင်ဖို့မသေမချာဖြစ်နေပါတယ်။ ပေါ့ဂ်ဘာ၊ လုခ်ရှော၊ မာတစ်၊ တွန်ဇီဘီတို့ကတော့ သေချာပေါက်လွဲချော်မှာဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု/အချက်အလက်မှတ်တမ်းများ – ဘုန်းမောက်ကတော့ ယူနိုက်တက်နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ ရပွဲမှာ လုံးဝအနိုင်မရရှိခဲ့ပဲ…

Read More
error: Copyright By Goal Trust.