Category Archives: Linux

VPS ဆိုတာ ဘာလဲ။

VPS ဆိုသည်မှာ Virtual Private Server ဖြစ်ပါသည်။ “သဏ္ဍာန်တူလုပ်ထားသော ကိုယ်ပိုင်ဆာဗာ” ဟု အဓိပ္ပာယ်ရပါသည်။ Physical တည်ရှိနေသည် မဟုတ်ပါ။ Virtual Machine များ ဖြစ်ကြပါသည်။ သို့သော် တကယ့် ကွန်ပျူတာ တစ်လုံးသဖွယ် နှစ်သက်ရာ OS တစ်ခုတင်နိုင်ပါသည်။ ကိုယ်ပိုင်ကွန်ပျူတာ တစ်လုံးသဖွယ် ကိုယ့်စိတ်ကြိုက် စီမံခန့်ခွဲနိုင်ပါသည်။

ကွန်ပျူတာ Operating System တစ်ခုပေါ်မှာ နောက်ထပ် OS တွေတင်နိုင်တဲ့ Virtual Machine တွေ ဖန်တီးလို့ရပါတယ်။ Virtualization Technology ဟုခေါ်ပါသည်။ သဏ္ဍာန်လုပ် သရုပ်တူအောင် ပြုလုပ်ခြင်းဖြစ်ပါသည်။ VPS များသည် Virtual Machine များသာ ဖြစ်ပါတယ်။

VPS တွေကို အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကြီးတွေက ‎ရောင်းပါသည်။ ၎င်းတို့ဆီမှာရှိတဲ့ Server ကြီးတွေရဲ့ processing power ကို virtualization ပြုလုပ်ပြီး VPS အနေဖြင့် နည်းနည်းစီ ခွဲရောင်းတယ်လို့ ပြောလို့ရပါတယ်။ အလွယ်ပြောရရင် ကွန်ပျူတာအကြီးကြီးကို ကွန်ပျူတာ သေးသေးလေးတွေအများကြီးပုံစံဖြစ်အောင်လုပ်ပြီး ငှားစားတာပါပဲ။

လစဉ်ကြေး၊ နှစ်စဉ်ကြေးတွေနဲ့ VPS ဝယ်တယ်ဆိုတာ တကယ်တော့ hosting company ကြီးတွေဆီကနေ အသုံးပြုခွင့်ကို ဝယ်ယူခြင်း တနည်းအားဖြင့် ငှားရမ်းအသုံးပြုလိုက်ခြင်းသာ ဖြစ်ပါတယ်။ ကောင်းတဲ့အချက်တွေက စျေးချိုခြင်း၊ အင်တာနက်အမြန်နှုန်း ကောင်းခြင်း၊ ၂၄ နာရီ မီးမပျက်ဘဲ run ထားလို့ရခြင်း၊ ကိုယ်ပိုင်သီးသန့်ဖြစ်ခြင်း စသည်တို့ ဖြစ်ပါသည်။

အင်တာနက်မှာ VPS ရောင်းတဲ့ ကုမ္ပဏီ website များစွာရှိပါတယ်။ ၅ ဒေါ်လာအောက်မှသည် ဒေါ်လာရာကျော်တန်များအထိ အမျိုးအစား အမျိုးမျိုးရှိပါတယ်။ Linux vps များသည် ဈေးချိုကြပါသည်။ Window ကဲ့သို့ Lincese ကြေးမရှိသောကြောင့် ဖြစ်ပါသည်။

VPS တွေကို ကိုယ်တိုင် ဝယ်ယူနိုင် ပါတယ်။ အင်တာနက်မှာ ငွေပေးချေနိုင်တဲ့ card တစ်ခုခုရှိရပါမယ်။ VPS ရောင်းတဲ့ website တိုင်းက Visa နှင့် Master ကဒ်တို့ကို လက်ခံလေ့ရှိကြပါတယ်။ အချို့သော website များတွင် JCB ကဒ်ကို လက်ခံပါတယ်။

computer နှင့် IT နည်းပညာကို ဝါသနာပါပြီး လေ့လာလိုက်စားသူတိုင်းလည်း စျေးနှုန်းချိုသာပြီး ၂၄ နာရီ အင်တာနက်ရသော၊ မီးမပျက်ဘဲ အချိန်ပြည့်အသုံးပြုနိုင်သော ကွန်ပျူတာတစ်လုံး ပိုင်ဆိုင်ချင်သည့် ဆန္ဒရှိကြလိမ့်မည်။ ထိုဆန္ဒကို VPS များက ဖြည့်စွမ်းပေးနိုင်ပါလိမ့်မည်။