How To (Methods)

CentOS 7 VPS တွင် GUI တင်နည်း

ကဲ VPS ကို ဘယ်လိုဝယ်ပြီး ဘယ်လိုလုပ်သလဲ သိချင်ကြတဲ့သူတွေအတွက်ပါဗျာ။ VULTR ဆိုတဲ့ website ကနေ ဝယ်ပြီး လုပ်ပြလိုက်ပါတယ်။ JCB ကဒ်ရှိရင် ကိုယ်တိုင်ဝယ်ပြီး သုံးလို့ရပါတယ်။ Sign up လုပ်တာတွေတော့ မပြထားပါဘူး။ ဒီအောက်က banner လေးကိုနှိပ်ပြီး account လုပ်နိုင်ပါတယ်။ စမ်းသပ်အသုံးပြုဖို့ ဒေါ်လာ ၅၀ ရပါလိမ့်မယ်။ command အကုန်လုံးကို copy ယူပြီး vps မှာ သွားရောက် paste လုပ် enter ခေါက်လိုက်ရုံပါပဲ။ ကျန်တာ အကုန် auto ပြုလုပ်သွားပါလိမ့်မယ်။ ပြီးရင် RDP Client နဲ့ ချိတ်ဆက်ပြီး GUI ဖြင့် အသုံးပြုနိုင်ပါပြီ။ yum install epel-release […]

Posted in How To | Leave a comment

Phone နှင့် VPS အသုံးပြု၍ Linux လေ့လာနည်း

ဖုန်းရှိရုံဖြင့် ငွေကုန်ကြေးကျမများဘဲ Linux OS ကိုလေ့လာနိုင်ပါသည်။ လိုအပ်သည်များမှာ Smart phone တစ်လုံး VPS တစ်လုံး SSH Client (e.g juiceshh) RDP Client (e.g Microsoft Remote Desktop) Smart Phone။ ဖုန်းသည် အင်တာနက် ရှိရမည်။ speed အရမ်းကောင်းရန် မလိုပါ။ Android or iOS နှစ်သက်ရာ ဖြစ်နိုင်ပါသည်။ Virtual Private Server – VPS။ အင်တာနက်ပေါ်က ၂၄ နာရီ အင်တာနက် အဆက်အသွယ်ရှိနေမယ့် ကိုယ်ပိုင်ဆာဗာအတုလို့ ပြောလို့ရပါတယ်။ မီးပျက်တယ် ဆိုတာလဲ မရှိနိုင်ပါဘူး။ အင်တာနက် service company ကြီးတွေရဲ့ Server computer […]

Posted in How To | Leave a comment

DHCP Server Setup on CentOS 6.6

DHCP ဆိုတာ Dynamic Host Configuration Protocol ရဲ့အတိုကောက်ပါ။DHCP server ဟာ ၎င်းကို လာရောက်ချိတ်ဆက်တဲ့ ကွန်ပျူတာတွေကို ip address တွေ၊ DNS server name & address တွေကို အလိုအလျောက် assign လုပ်ပေးနိုင်ပါတယ်။ကွန်ပျူတာ အရေအတွက်နည်းရင် IP address ကို manually လိုက်ပေးရတာ ကိစ္စမရှိပေမယ့် ကွန်ပျူတာ အရေအတွက်များလာရင် မလွယ်တော့ပါဘူး။မိမိရဲ့ Local Area Network မှာ DHCP server ထိုင်ထားမယ်ဆိုရင် ကွန်ပျူတာတွေကို network ချိတ်ဆက်မိဖို့အတွက် ip address ကို manually လိုက်ပေးစရာမလိုတော့ပါဘူး။ ဒါကြောင့် DHCP server ကို အသုံးပြုတာဖြစ်ပါတယ်။ DHCP […]

Posted in How To | Leave a comment

CentOS ကို VirtualBox တွင် တင်၍ Linux Server ကို လေ့လာခြင်း (အပိုင်း ၅)

ကျွန်တော်တို့ CentOS ကို minimal အနေဖြင့်သာ install ပြုလုပ်ခဲ့ကြပါတယ်။ minimal ဆိုတာ OS တစ်ခု Run ဖို့အတွက် လိုအပ်တဲ့ package အနည်းဆုံးသာပါဝင်ပြီး အခြားမည်သည့် softwares မှ မပါတာကို ဆိုလိုခြင်းဖြစ်ပါသည်။ OS ချည်းသက်သက်သာ ဖြစ်ပါတယ်။ Graphical User Interface (GUI) ပါဝင်မှာ မဟုတ်ပါဘူး။ Command Line Interface (CLI) ကနေ အသုံးပြုရမှာပါ။ GUI ပါလာအောင် ထပ်ပြီး packages တွေ  install လုပ်ပေးရမှာ ဖြစ်ပါတယ်။ Server အဖြစ်ရောက်ရှိစေရန် ထပ်ပြီးတော့ သက်ဆိုင်ရာ package  များကို install လုပ်ယူရမှာ ဖြစ်ပါတယ်။ Linux OS မှာ software […]

Posted in How To | Leave a comment

Remote login ပြုလုပ်ခြင်း

Remote login ပြုလုပ်တယ်ဆိုတာ ကွန်ပျူတာတစ်လုံးကို အခြားကွန်ပျူတာ တစ်လုံးကနေ network ချိတ်ဆက်ပြီး login ဝင်ရောက် အသုံးပြုခြင်းဖြစ်ပါတယ်။ server တွေမှာ keyboard, mouse, monitor တပ်ထားလေ့မရှိသလို GUI လဲ install ပြုလုပ် ထားလေ့မရှိပါဘူး။ အခြားကွန်ပျူတာတစ်လုံးကနေ remote login လုပ်ပြီး ဝင်ရောက်အသုံးပြု နိုင်ပါတယ်။ Server Administrator တွေဟာ laptop လေးယူလာ၊ LAN ကြိုးလေးတပ်ပြီး remote login အသုံးပြုကြလေ့ရှိပါတယ်။ အခုလည်း VirtualBox ပေါ်က CentOS ကို server သဖွယ် အသုံးပြုဖို့ remote login အသုံးပြုကြ ရအောင်။ remote login ပြုလုပ်ဖို့ ip address […]

Posted in How To | Leave a comment

CentOS ကို VirtualBox တွင် တင်၍ Linux Server ကို လေ့လာခြင်း (အပိုင်း ၃)

Network Interface Card ထပ်တိုးခြင်း VirtualBox တွင် VM ကို ဖန်တီးသောအခါ ပုံမှန်အားဖြင့် network card တစ်ခုသာ ပါဝင်ပါသည်။ Network card နှစ်ခုဖြစ်အောင် အောက်ပါအတိုင်းလုပ်ဆောင်ပါ။ Virtual Machine ရဲ့ setting >> Network မှာ ကြည့်ရင် Adapter 1 ကို Enable Network Adapter ဆိုပြီး အမှန်ခြစ်ပြနေပါလိမ့်မယ်။ Adapter 2 ကိုလဲ Enable Network Adapter မှာ အမှန်ခြစ်လိုက်ပါ။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ VM ဟာ network interface card နှစ်ခု ရှိသွားပါပြီ။ Attached to: နောက်မှာ Host-only […]

Posted in How To | Leave a comment

CentOS ကို VirtualBox တွင် တင်၍ Linux Server ကို လေ့လာခြင်း (အပိုင်း ၂)

CentOS စတင် အသုံးပြုခြင်း စတင် အသုံးမပြုမီ Virtual Machine ရှိတဲ့ဆီကိုသွားပြီး .vdi ဖိုင်လေးကို ကော်ပီပွားထား လိုက်ပါ။ မဟုတ်လဲ VirtulBox မှာ clone ဆိုတာ ပါပါတယ်။ ပွားထားလိုက်ပါ။ ထပ်တင်ဖို့ မလိုပါဘူး။ copy အကြိမ်ကြိမ်ကူးပြီး သုံးလို့ရပါတယ်။ clone လုပ်ပြီး VM နှစ်ခု သုံးခုတောင် သုံးလို့ရပါတယ်။ ကိုယ့်ရဲ့ ကွန်ပျူတာကတော့ CPU, RAM တွေ ကောင်းဖို့ များဖို့ လိုပါတယ်။ အခု Virtual Machine ကို start လုပ်လိုက်ပါ။ Localhost login: ဆိုပြီးပြနေပါလိမ့်မယ်။ command line နဲ့ပဲ အသုံးပြုရမှာပါ။ ဘာ desktop, ဘာ GUI […]

Posted in How To | Leave a comment

CentOS ကို VirtualBox တွင် တင်နည်း

Computer Networking ကို လေ့လာလိုလျှင် အနည်းဆုံး ကွန်ပျူတာ ၂ လုံးရှိရန်လိုအပ် ပါသည်။ သို့သော် သင့်တွင် ကွန်ပျူတာ တစ်လုံးသာ ရှိသည် ဆိုကြပါဆို့။ ကွန်ပျူတာ ၂ လုံး လိုအပ်ခြင်းကို လွယ်ကူစွာဖြေရှင်းနိုင်ပါသည်။ Hardware တစ်ခုတည်းကို OS နှစ်ခုက ပြိုင်တူအသုံးပြုသော virtualization software များရှိပါသည်။ VMware နှင့် Virtualbox တို့သည် ထင်ရှားသည့် virtualization software များဖြစ်ကြပါသည်။ ၎င်း software များကိုအသုံးပြု၍ virtual machine များဖန်တီးပြီး Guest OS များ Install ပြုလုပ်နိုင်ပါသည်။ ထိုအခါ မိမိ၏ Real machine တွင် Install လုပ်ထားသော Host […]

Posted in How To | Leave a comment

Ubuntu မှာ package တွေကို Offline Installation လုပ်ရန် Download ရယူနည်း

Linux စတင်လေ့လာသူတိုင်း ကြုံတွေ့ရတဲ့ အခက်အခဲကတော့ အင်တာနက်မရှိဘဲ software installation လုပ်တဲ့အပိုင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် offline installation လုပ်ခြင်းပေါ့။ Ubuntu OS မှာ offline installation လုပ်ဖို့အတွက် package များကို အင်တာနက်မြန်တဲ့နေရာသွားပြီးတော့ download ရယူနိုင်ပါသည်။ ကိုယ်အသုံးပြုမယ့် Ubuntu OS အတွက် အင်တာနက်မြန်နှုန်းက အားကိုးလို့မရတဲ့အခါမှာ အသုံးပြုနိုင်သော နည်းလမ်းဖြစ်ပါသည်။ လိုအပ်သော package များကို dependencies များပါ ပါလာအောင် download ပြုလုပ်နိုင်မှ မိမိစက်တွင် error ကင်းကင်းနှင့် install ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ထို့အတွက် မိမိစက်အတွက် လိုအပ်သော packages စာရင်းကို အရင်ထုတ်ယူရပါမည်။ ပြီးမှ ကြိုက်ရာကွန်ပျူတာတွင် သွား၍ download ပြုလုပ်နိုင်ပါသည်။ […]

Posted in How To | Leave a comment