LINUX VPS KNOW-How

CentOS 7 VPS တွင် Xfce နှင့် xRDP တင်နည်း

ပထမဆုံး VULTR website သွားပြီး VPS တစ်လုံးကို CentOS 7 ဖြင့် ရွေးချယ် ဝယ်ယူလိုက်ပါ။ အောက်က banner လေးကို နှိပ်ပြီး ‌account အသစ်လုပ်ရင် အစမ်းသုံးဖို့ ဒေါ်လာ ၁၀၀ ရပါလိမ့်မယ်။

Linux VPS တွေဟာ ဝယ်ယူလိုက်ရင် စစချင်းမှာ command နဲ့ပဲ အသုံးပြုရပါတယ်။ GUI နဲ့ အသုံးပြုနိုင်အောင် Desktop Environment တစ်ခုခုကို တင်ပေးရပါတယ်။ Remote Desktop ချိတ်ဆက်သုံးစွဲနိုင်ဖို့အတွက် RDP or VNC တစ်ခုခုကို တင်ပေးရပါတယ်။

အခုနည်းလမ်းလေးကတော့ CentOS 7 VPS မှာ Xfce Desktop Environment တင်ပြီး RDP နှင့် အလွယ်တကူ ချိတ်ဆက်သုံးစွဲနိုင်ဖို့ဖြစ်ပါတယ်။

ဝယ်ယူရရှိတဲ့ VPS ကို SSH နဲ့ log in ပြုလုပ်ပါ။ အောက်က command အကုန်လုံးကို copy ယူပြီး paste လုပ်၊ enter နှိပ်လိုက်ရုံပါပဲ။ ကျန်တာ အကုန် auto ပြုလုပ်သွားပါလိမ့်မယ်။ ပြီးသွားရင် RDP နဲ့ ချိတ်ဆက်ပြီး GUI ဖြင့် အသုံးပြုနိုင်ပါပြီ။

yum update -y && yum install epel-release -y && yum groupinstall xfce -y && yum install xrdp -y systemctl start xrdp && systemctl enable xrdp && echo “xfce4-session” > ~/.Xclients && chmod a+x ~/.Xclients

Exit mobile version