Linux ကို စတင်လေ့လာသူများ၏ အခက်အခဲ

ကျွန်တော်တို့ မည်သည့် Operating System (OS) ကိုသုံးသည်ဖြစ်စေ လိုအပ်သော လုပ်ငန်းအလိုက် အသုံးချဆော့ဝဲလ်တွေကို installation ပြုလုပ်ကြရပါတယ်။ Microsoft ၏ Windows OS, Apple ၏ Mac OS and iOS, Google ၏ Android OS နှင့် Linux OS and Unix OS အစရှိသည်ဖြင့် သက်ဆိုင်ရာ OS များအလိုက် application software များအား installation ပြုလုပ်ကြရ ပါတယ်။ windows OS နှင့် Android OS နှစ်ခုက end user တွေနဲ့ ထိတွေ့မှု အများဆုံး ဆိုတာလည်း ပြောစရာလိုမယ် မထင်ပါဘူး။ OS တစ်ခုကို လိုအပ်ချက်နဲ့ ကိုက်ညီပြီး ကောင်းကောင်းမွန်မွန်အသုံးချလို့ရတဲ့ အနေအထားထိရောက်အောင် လုပ်နိုင်ဖို့ အတွက် installation လုပ်ငန်းစဉ်များက အခြေခံအကျဆုံးဖြစ်ပါတယ်။ OS installation လုပ်မယ်၊ Device drivers တွေ၊ utilities တွေ၊ သုံးစွဲလိုတဲ့ application software တွေ installation လုပ်ဆောင်တတ်မယ်ဆိုရင် ကျန်တဲ့အပိုင်းတွေကို ဆက်လေ့လာလုပ်ဆောင်သွားလို့ရပါပြီ။

ဒီနေရာမှာ linux မဟုတ်သော အခြားသော OS တွေက user တွေအနေနဲ့ အခက်ခဲသိပ်မရှိကြပါဘူး။ software တွေကို လွယ်လွယ်ကူကူ ဝယ်ယူနိုင်ခြင်း၊ အချင်းချင်း share လုပ် ကူးယူခြင်းများဖြင့် အလွယ်တကူ ပြန်လည် installation လုပ်နိုင်ကြပါတယ်။ တစ်ခွေ (၁ဝဝဝိ/-) ဆိုရင် ထည့်ထားလိုက်တဲ့ software တွေများ အများကြီးရယ်။ software ထုတ်တဲ့ ကုမ္ပဏီတွေများတွေ့ရင် ရင်နာလိုက့်မယ့် အမျိုး၊ ပေါ မှ ပေါပဲ။ ဒါကလဲ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမပြောနဲ့ နိုင်ငံကြီးတွေမှာတောင် ဖြစ်နေတဲ့အနေအထားပါ။

Android, Windows, Mac, iOS တွေရဲ့ application softwares တွေကို အစုံဝယ်လို့ ရသလို installation လည်း လွယ်လွယ်ကူကူ လုပ်လို့ရပါတယ်။ Linux အတွက် software ကတော့ အခွေနဲ့ထည့်ရောင်း ခြင်းမရှိပါဘူး။ linux OS မှာရော installation လုပ်ရတာ မလွယ်ဘူးလားဆိုတော့ လွယ်ပါတယ်။ တော်တော်လေးကို လွယ်ပါတယ်။ (ဒါပေမယ့်) မြန်နှုန်းအသင့်အတင့်ရှိသော အင်တာနက်ချိတ်ဆက် ထားမှုကတော့ ရှိရပါလိမ့်မယ်။ တော်တော်များများသော linux ကိုစတင်လေ့လာချင်သူများ ဒီတစ်ချက်ထဲနဲ့ အလဲထိုးခံလိုက်ရပါတော့တယ်ဗျာ။ offline လုပ်ဆောင်ဖို့ဆိုတာ စတင်လေ့လာ သူတွေအတွက် ခက်ခဲမှာတော့ အမှန်ပါပဲ။ စတင်လေ့လာချင်သူအသစ်တွေနဲ့ ပုံမှန်သုံးစွဲလိုသူတွေအတွက် အခြေခံအကျဆုံးပါဆိုတဲ့ installation လုပ်ငန်းစဉ် အဆင်မပြေမှတော့ ရှေ့ဆက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အင်တာနက်ကော်နက်ရှင်ရှိရင်တော့ installation လုပ်ငန်းစဉ်က လွယ်ကူပါတယ်။ Linux OS ကို သုံးရတာလဲ အဆင်ပြေ စိတ်ချမ်းသာပါလိမ့်မယ်။ Linux OS ဆိုတာ free သုံးစွဲခွင့်တွေ update လုပ်ခွင့်တွေ အားသာချက်တွေများစွာရှိပါတယ်။ သူများထက်သာတဲ့ ကွန်ပျူတာသမား တစ်ယောက် ဖြစ်ချင်လျှင် လေ့လာသင့်သော နည်းပညာလဲ ဖြစ်ပါလာပြီ။ အခက်ခဲ ဆိုတာကလည်း အင်တာနက်ကော်နက်ရှင် တိုက်ရိုက်မရှိခြင်း ကြောင့်ပါ။ မြို့ကြီးတွေပေါ်က လေ့လာသူတွေတောင် အခက်အခဲတွေ့ကြပါတယ်ဆိုမှတော့ နယ်မြို့လေးတွေ၊ နယ်ကလူ တွေဆိုရင်တော့ တကယ်ကို အစိမ်းသက်သက်ဖြစ်နေမှာပါ။ နယ်မြို့တွေ၊ နယ်တွေက လူငယ်တွေ ဆိုတာ linux ဆိုတာ အသာထား computer ဆိုတာကိုတောင် နားလည်အောင် သိအောင် မနည်းကြိုးစားနေကြရတာပါ။ OS တွေကို ခွဲခြမ်းစိတ်ဖြာလေ့လာဖို့မပြောနဲ့ လျှပ်စစ်မီး ရရင်တောင် ပျော်နေကြရတာပါ။ အဲဒီမှာ နိုင်ငံရဲ့တိုးတတ်မှုအခြေအနေတွေက ကွာသွားတော့တာပါဘဲ။ ကျွန်တော် က ကွန်ပျူတာဆိုတဲ့ ရှု့ထောင်တစ်ခုတည်းကနေ ပြောတာပါ။ ကျန်တဲ့ ကဏ္ဍတွေ ရှိနေပါသေးတယ်။ ဒါကြောင့် ကြိုးစားကြရမယ်။ အသိပညာတွေကို တတ်နိုင်သမျှလေး အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ဖြစ် ဝေမျှကြမယ်။

Android OS ကတော့ လူတွေနဲ့ အနီးစပ်ဆုံး အကျယ်ပြန့်ဆုံး ဖြစ်လာတာပေါ့ဗျာ။ ကျယ်ပြန့်လာတာလဲ ကောင်းပါရဲ့။ လူတိုင်း နည်းပညာနဲ့ မစိမ်းတော့ဘူးပေါ့။ အရင်အရင်နှစ်များထက်တော့ တိုးတတ်လာတာ အမှန်ပါဘဲ။ social media ဖြစ်တဲ့ facebook ကလဲ လူတွေကြားမှာ စိမ့်ဝင်မှုက ကြီးသထက် ကြီးလာပါတယ်။ ကျွန်တော်တို့ဆီက လူမှုအဖွဲ့အစည်း ကြီးလည်း အရေမရ အဖတ်ရတွေနဲ့ လုံးချာလည်လည်လိုက်ပြီး ဆဲနည်းတွေ မျိုးစုံတိုးတတ်လာတာလည်း အံ့မခန်းပါဘဲ။ ဒါကလည်း Android OS Phone အသုံးများလာတယ်ဆိုတဲ့ ပြယုဂ်တစ်ခုပါ။ Android ဆိုတာကလဲ linux kernel ပေါ်မှာ အခြေခံပြီး ထုတ်ထားတဲ့ နည်းပညာ တစ်မျိုးပါဘဲ။ တစ်နည်းအားဖြင့် Linux သည် ကွန်ပျူတာနည်းပညာများကြား အကျယ်ပြန့်ဆုံး လွှမ်းမိုးမှုအရှိဆုံး ဖြစ်ပါတယ်ဆိုတဲ့ သဘောပါပဲ။ Server Computer ကြီးတွေလောကမှာလဲ သူပဲ၊ လူတွေနဲ့ နီးစပ်သော computer များ၏ အခန်းကဏ္ဍမှာလည်း သူဘဲ ဖြစ်လာပါတယ်။

ကျွန်တော်အထက်မှာ ပြောခဲ့သလို Linux OS တွေအတွက် software (ဝါ) packages တွေကို ဆိုင်တွေမှာ ရှာဖွေဝယ်ယူလို့မရနိုင်ပါဘူး။ ကျွန်တော်တို့ packages တွေကို အင်တာနက်ကနေ download ရယူရပါလိမ့်မယ်။ အခြားသော OS များက software တွေကို download ရယူပြီး offline installation လုပ်ရာမှာ အခက်အခဲမရှိ အလွယ်တကူလုပ်ဆောင်နိုင်ပါတယ်။ Linux OS များကတော့ အခြားသော OS တွေလိုမဟုတ်ဘဲ packages များကို download ရယူပြီး offline installation လုပ်ဖို့ရာ အနည်းငယ်ခက်ခဲပါတယ်။ ရှင်းရှင်းလင်းလင်းပြောရရင် အင်တာနက်ရှိရင် သုံးရတာလွယ်မယ် မရှိရင်တော့ သုံးရတာ မလွယ်ဘူးပေါ့ဗျာ။ အင်တာနက်တိုက်ရိုက် အဆက်အသွယ်မရှိလဲ ရအောင်သုံးမယ်ကွာ။ ကျွန်တော်က အဲသလို သုံးလို့ ရမယ့် နည်းလမ်းများကို ဒီ blog မှာ ဆွေးနွေးချင်တာပါ။ လက်ရှိအချိန်မှာ လိုအပ်နေတဲ့အချက်လို့ ယူဆမိလို့ပါ။ နောက်ပိုင်း အင်တာနက်တွေ အလွယ်တကူ ရလာရင်တော့ တစ်မျိုးပေါ့ဗျာ။

Advertisements

Leave a Reply