LINUX VPS KNOW-How

Remote login ပြုလုပ်ခြင်း

Remote login ပြုလုပ်တယ်ဆိုတာ ကွန်ပျူတာတစ်လုံးကို အခြားကွန်ပျူတာ တစ်လုံးကနေ network ချိတ်ဆက်ပြီး login ဝင်ရောက် အသုံးပြုခြင်းဖြစ်ပါတယ်။ server တွေမှာ keyboard, mouse, monitor တပ်ထားလေ့မရှိသလို GUI လဲ install ပြုလုပ် ထားလေ့မရှိပါဘူး။ အခြားကွန်ပျူတာတစ်လုံးကနေ remote login လုပ်ပြီး ဝင်ရောက်အသုံးပြု နိုင်ပါတယ်။ Server Administrator တွေဟာ laptop လေးယူလာ၊ LAN ကြိုးလေးတပ်ပြီး remote login အသုံးပြုကြလေ့ရှိပါတယ်။

Remote login ပြုလုပ်ဖို့ ip address သိဖို့ရယ်၊ network ချိတ်မိနေဖို့ရယ် လိုအပ်ပါတယ်။ Network ချိတ်ဆက်မိတယ်ဆိုတာ ဟိုဘက်ကွန်ပျူတာနဲ့ ဒီဘက်ကွန်ပျူတာ ကြိုးတပ်ထားရုံ နဲ့တော့မရပါဘူး။ Network card အလုပ်လုပ်ရမယ်။ သက်ဆိုင်ရာ service တွေလဲ run နေမှ ရပါတယ်။ ip address ကို network range တူအောင်ပေးထားရမယ်။အလွယ်ပြောရရင်တော့ ဟိုဘက်ကွန်ပျူတာနဲ့ ဒီဖက်ကွန်ပျူတာ ping ကြည့်လို့ reply ပြန်မှ network ချိတ်ဆက်မိတာပါ။

နောက် remote login အသုံးပြုဖို့ Secure SHell လို့ခေါ်တဲ့ SSH service ကလည်း run နေမှ ရမှာပါ။ Server OS တွေမှာ SSH service ဟာ built in ပါဝင်ပြီးသား၊ boot တတ်လာရင်ကို default အတိုင်း auto run ပြီးသား ဖြစ်ပါတယ်။ Service တွေ run ပေးနေတဲ့ ကွန်ပျူတာဟာ server computer ဖြစ်ပါတယ်။ သေးတာကြီးတာနဲ့ မဆိုင်ပါဘူးဆိုတာ မှတ်ထားပါ။

Remote login လုပ်ဖို့ SSH client ဆော့ဖ်ဝဲလ် လေးတစ်ခုလိုပါတယ်။ အသုံးပြုရမယ့် software လေးကတော့ puTTY လို့ခေါ်ပါတယ်။

Remote login ပြုလုပ်ဖို့ puTTY software ကို ဖွင့်လိုက်ပါ။Host name or IP address ဆိုတဲ့ နေရာမှာ root@IP address ကို ရိုက်ထည့်လိုက်ပါ။ ကျန်တာတွေ ဘာမှ မပြောင်းပါနဲ့။ Open နှိပ်လိုက်ရင် dialog box တစ်ခု ပေါ်လာလိမ့်မယ်။ ok သာ နှိပ်လိုက်ပါ။

အမဲရောင် screen နဲ့ login as: ဆိုပြီး ပေါ်လာရင်တော့ remote login ပြုလုပ်ဖို့ ချိတ်ဆက်မိသွားပါပြီ။ Local Machine တွေမှာ login ပြုလုပ်သလိုပဲ login လုပ်လို့ ရပါပြီ။ CLI နဲ့ပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။

Server computer အနည်းဆုံး တစ်လုံး ပါဝင်ချိတ်ဆက်ထားတဲ့ network ကို server-based network ဒါမှမဟုတ် client–server network လို့ ခေါ်တယ်၊ server မပါရင် peer-to-peer network လို့ခေါ်ပါတယ်။

Exit mobile version