CentOS ကို VirtualBox တွင် တင်နည်း

Computer Networking ကို လေ့လာလိုလျှင် အနည်းဆုံး ကွန်ပျူတာ ၂ လုံးရှိရန်လိုအပ် ပါသည်။ သို့သော် သင့်တွင် ကွန်ပျူတာ တစ်လုံးသာ ရှိသည် ဆိုကြပါဆို့။ ကွန်ပျူတာ ၂ လုံး လိုအပ်ခြင်းကို လွယ်ကူစွာဖြေရှင်းနိုင်ပါသည်။ Hardware တစ်ခုတည်းကို OS နှစ်ခုက ပြိုင်တူအသုံးပြုသော virtualization software များရှိပါသည်။ VMware နှင့် Virtualbox တို့သည် ထင်ရှားသည့် virtualization software များဖြစ်ကြပါသည်။ ၎င်း software များကိုအသုံးပြု၍ virtual machine များဖန်တီးပြီး Guest OS များ Install ပြုလုပ်နိုင်ပါသည်။

ထိုအခါ မိမိ၏ Real machine တွင် Install လုပ်ထားသော Host OS နှင့် virtual machine မှ Guest OS တို့ကိုချိတ်ဆက်၍ တကယ့်ကွန်ပျူတာနှစ်လုံးကဲ့သို့ networking ချိတ်ဆက်ခြင်းကို လေ့လာနိုင်ပါသည်။

သင့်တွင် VMware နှင့် Virtualbox မရှိလျှင် download ပြုလုပ်ပါ။ download ပြုလုပ်လျှင် Virtualbox က MB နည်းပြီး အခမဲ့ free of charges ဖြစ်ပါသည်။ VMware ကတော့ MB များပြီး အခမဲ့ မဟုတ်ပါ။ အကုန်အကျသက်သာမယ့် virtualbox ကို ရွေးချယ်ကြပါစို့။ (မှတ်ချက်။ VMware အတွက် serial key ကတော့ ရှာရလွယ်ပါတယ်။)

အောက်ပါ link တွင် download ရယူပါ။

https://www.virtualbox.org/wiki/Downloads

ကိုယ့် OS နှင့် သင့်တော်မည့် version ကို download ပြုလုပ်ပြီး install ပြုလုပ်ပါ။ virtual machine တစ်ခု ဖန်တီးလိုက်ပါ။ Virtual machine ပေါ်မှာ Linux တစ်မျိုးဖြစ်တဲ့ CentOS ကို Guest OS အဖြစ် install ပြုလုပ်ကြပါမည်။

iso ဖြင့် install လုပ်လို့ရပါသည်။ CentOS 6.6 iso ကို အောက်ပါ link တွင် download ရယူပါ။

http://centos.excellmedia.net/6.6/isos/i386

CentOS-6.6-i386-minimal.iso ကိုပဲ ရွေးပြီး download ချပါ။ 339 MB ရှိပါသည်။ Virtualbox က 110 MB ခန့်နှင့် စုစုပေါင်းလျှင် 450 MB ခန့်မျှ download ဆွဲရပါလိမ့်မည်။

CentOS 7.1 ထိထွက်နေပါပြီ။ သို့သော်လည်း 6.6 ကိုပဲ download လုပ်ပါ။ CentOS 7.1 သည် RAM များမှ အဆင်ပြေပါသည်။ 6.6 ရဲ့ support လုပ်သည့်အချိန်က ၂ဝ၂ဝ ခုနှစ်ထိဖြစ်သည့် အတွက် နောက်မကျပါ။ ပေါ့ပေါ့ပါးပါးနှင့် လေ့လာ၍ကောင်းအောင် version 6.6 ကိုသာ ရွေးချယ်ပါ။

OS တွေမှာ DOS နဲ့ NOS ဆိုပြီး ၂ မျိုးရှိပါသည််။ Desktop Operating System နဲ့ Network Operating System ပါ။ NOS တွေဟာ တစ်နည်းအားဖြင့် server OS တွေ ဖြစ်ကြပါသည်။ Linux OS တွေဟာ NOS တွေအဖြစ် အသုံးများပါသည်။ open source တွေဖြစ်ကြပါသည်။ မူကွဲ version ပေါင်းမြောက်များစွာရှိပါသည်။ အခမဲ့သုံးလို့ရအောင်လုပ်ပေးနေတဲ့ အဖွဲ့အစည်း (community) တွေလဲ ရှိပါသည်။

NOS တွေထဲမှာ RedHat Linux OS ဆိုတာ အသုံးများပါတယ်။ ဒါပေမယ့် windows server တွေလိုပဲ မူပိုင်ခွင့်လိုင်စင်နှင့်ပိုက်ဆံပေးပြီး အသုံးပြုရတာပါ။ လုံခြုံစိတ်ချရမှုရှိပြီး ကောင်းလဲ ကောင်းပါတယ်။ CentOS ဆိုတာက အဲဒီ့ RedHat ရဲ့ ပိုက်ဆံမပေးရတဲ့ version လို့ပြောလို့ ရပါတယ်။

CentOS ဟာ RedHat နဲ့ နည်းပညာတူ အသုံးပြုထားပြီး အခမဲ့ အသုံးပြုခွင့်ရှိတဲ့ OS ဖြစ်ပါတယ်။ “Community ENTerprise Operating System” ဖြစ်ပါတယ်။ နောက် fedora linux OS ကလဲ ဒီလိုမျိုးပါပဲ။ fedora ကတော့ Desktop OS နည်းနည်း ပိုဆန်ပါတယ်။

ထို့ကြောင့် RedHat ၊ CentOS နှင့် fedora က ဆင်တူတွေ ဖြစ်ကြပါတယ်။ တစ်ခု လေ့လာရင် ကျန်နှစ်ခုကိုလဲ သဘောပေါက်ပါတယ်။ အခြား Linux တွေကိုလဲ အလွယ်တကူကူးပြောင်း သုံးစွဲလို့ရပါတယ်။ command တွေက နည်းနည်းသာကွာပါတယ်။

Ubuntu Linux OS ဆိုရင် DOS အဖြစ်နဲ့ PC တွေမှာ အသုံးများပါတယ်။ Ubuntu Server လဲ ရှိပါတယ်။ ဒါကတော့ Linux OS တွေ အကြောင်း အနည်းငယ်ပြောပြတာပါ။ တကယ်တော့ ပြောပြရရင် အများကြီးရှိပါတယ်။ ဒီမှာတော့ tutorial ဆန်ဆန် လေ့လာဖို့ အဓိကဖြစ်တော့ မပြောတော့ဘူးနော်။ ကိုယ်တိုင်သာ ရှာဖတ်ကြည့်ပါ။ အင်တာနက်မှာလဲ ရှာဖွေ ဖတ်ကြည့်လို့ ရပါတယ်။ ကျွန်တော်ရေးထားတဲ့ “ကျွန်တော်သိသော Linux အကြောင်း အပိုင်း ၁ ကနေ ရ” ထိလဲ ရှိပါတယ်။

အကယ်၍ သင့်မှာ virtualbox မရှိဘဲ VMware player/VMware workstation software ရှိလဲ ရပါတယ်။ CentOS 6.6 ကိုတော့ download ပြုလုပ်စေချင်ပါတယ်။ ဒါမှ နောက်ပိုင်းရေးမယ့် tutorial တွေမှာ ပုံစံတူ အလွယ်တကူ လေ့လာလို့ ရစေချင်လို့ပါ။ ဒါပေမယ့် 6.3,6.4,6.5 သို့မဟုတ် fedora 13,14,15,16,17,18,19,20 ရှိရင်လဲ ရပါတယ်။ နည်းနည်းလေးတော့ကွဲမယ်။ CentOS 7 နှင့် fedora 21 ဆိုရင်တော့ ပိုပြီးတော့ command တွေ ကွဲပြားပါလိမ့်မယ်။

ကျွန်တော်တို့ CentOS-6.6-i386-minimal.iso ကိုရွေးချယ် download ချဖို့ပြောခဲ့ပါတယ်။ minimal ဆိုတာက OS တစ်ခု Run ဖို့အတွက် လိုအပ်တဲ့ packages အနည်းဆုံးသာပါဝင်ပြီး အခြားမည်သည့် software မှ မပါတာကို ဆိုလိုခြင်းဖြစ်ပါသည်။ အဓိပ္ပာယ်က OS ချည်းသက်သက်သာ ဖြစ်ပါတယ်။ Graphical User Interface (GUI) ပါဝင်မှာ မဟုတ်ပါဘူး။ Command Line Interface (CLI) ကနေ အသုံးပြုရမှာပါ။ GUI ပါလာအောင် ထပ်ပြီး packages တွေ install လုပ်ပေးရမှာ ဖြစ်ပါတယ်။ အခြားလိုအပ်သော လုပ်ငန်းဆောင်တာများ အတွက် software တွေ ၊ service တွေကို ရရှိဖို့ ကိုယ်တိုင် ထပ်ပြီး package များကို install လုပ်ယူရမှာ ဖြစ်ပါတယ်။

Linux OS မှာ software install လုပ်ခြင်းကို package install လုပ်တယ်လို့ ခေါ်ပါတယ်။ service ကိုလဲ daemon ခေါ်ပါတယ်။ ဥပမာ dhcp server ဖြစ်စေချင်ရင် dhcp package နှင့် ဆက်စပ် packages တွေ တင်ပေးရမယ်။ web server ဖြစ်စေချင်ရင် web server ဖြစ်စေမယ့် httpd နှင့် bind packages တွေနဲ့ ဆက်စပ် packages တွေကို တင်ပေးရပါတယ်။

VirtualBox ကို  install လုပ်ပြီးရင် ပုံ – ၁ အတိုင်း မြင်ရပါလိမ့်မယ်။

Virtual Machine အသစ်တစ်ခုပြုလုပ်ဖို့ New ကို နှိပ်လိုက်ပါ။  CentOS သို့မဟုတ် အခြား နှစ်သက်ရာ နာမည်တစ်ခု ဖြည့်လိုက်ပါ။ Type မှာတော့ Linux ၊ Version မှာ Red Hat လို့ ပြောင်းလိုက်ပါ။

ဒီမှာ ကျွန်တော်ပြထားတာကတော့ 64 bit နဲ့မို့ Red Hat (64 bit) ဆိုပြီး ဖြစ်နေတာပါ။ နောက်တစ်ခုက CentOS လို့ ရေးလိုက်တာနဲ့ type နဲ့ version ကို auto ရွေးသွားမှာပါ။ အခြားနာမည်ထည့်ရင်တော့ ကိုယ်တိုင်ရွေးချယ်ပေးရပါလိမ့်မယ်။ CentOS 64 bit လို့ ထည့်လိုက်ရင်လဲ 64 bit ဆိုပြီး auto ရွေးချယ်ထည့်သွင်းသွားမှာပဲ ဖြစ်ပါတယ်။ ဒီနာမည်ဟာ virtual machine ရဲ့ နာမည်ပဲ ဖြစ်ပါတယ်။ type နဲ့ version ရွေးချယ်မှု မှားယွင်းလို့ မရပါဘူး။ Next ကို နှိပ်ပြီး ဆက်သွားပါ။ အောက်ပါပုံအတိုင်းတွေ့ရပါလိမ့်မည်။

 Virtual machine အတွက် RAM ရွေးချယ်ပေးရမှာပါ။ slide လေးကိုရွေ့ပြီး ရွေးချယ်လို့ရပါ တယ်။ 512 MB ဒါမှမဟုတ် 1024 MB နှစ်သက်သလောက် ထားနိုင်ပါတယ်။ default အတိုင်း ကတော့ 512 MB ဖြစ်ပါတယ်။ ကျွန်တော်တို့က ခုလောလောဆယ် minimal ကိုတင်ပြီး text mode နဲ့ သုံးမှာ ဖြစ်တဲ့အတွက် default အတိုင်း 512 MB ပဲ ထားလို့ရပါတယ်။ နောက် Setting မှာဝင်ပြီး RAM ပမာဏကို တိုးပေးလို့လဲ ရပါတယ်။ installer  ဟာ install ပြုလုပ်နေစဉ်မှာ အနည်းဆုံး RAM ပမာဏ 406 MB လိုပါတယ်တဲ့။ RAM ပမာဏဟာ 632 MB ထက် နည်းရင်လဲ auto text mode နဲ့ပဲ install လုပ်ဖို့ရွေးချယ်သွားမှာပါ။

 Next ကို နှိပ်ပြီး ဆက်သွားပါ။ အောက်ပါပုံအတိုင်းတွေ့ရပါလိမ့်မည်။

Default အတိုင်းပါပဲ။ Create virtual hard drive now ကိုရွေးချယ်ထားပြီးသားပါ။ create ကို နှိပ်လိုက်ရုံပါပဲ။ အကယ်၍များ OS အသင့်တင်ပြီးသာ .vdi ဖိုင်သာ ကိုယ့်မှာ ရှိရင် Use an existing virtual hard drive file ကို ရွေးချယ်လို့လဲ ရပါတယ်။ တကယ့် ကွန်ပျူတာမှာ hard disk ပြောင်းတပ်သလိုပါပဲ။ internet ကနေ .vdi ဖိုင်တွေက download ပြုလုပ်လို့ ရပါတယ်။ ဥပမာ Mac OS သုံးချင်ရင် Mac OS install လုပ်ထားတဲ့ .vdi ဖိုင်ကို ရှာဖွေအသုံးပြုလို့ရပါတယ်။ ကိုက်ညီအောင် ပြုလုပ်ရတဲ့ အပိုင်းတွေတော့ ရှိပါတယ်။ ကြုံကြိုက်လို့ ပြောပြတာပါ။ Create ကို နှိပ်ပြီး ဆက်သွားပါ။ အောက်ပါပုံအတိုင်းတွေ့ရပါလိမ့်မည်။

hard drive file type ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ .vdi (Virtual Disk Image) ကို default အတိုင်း ရွေးချယ်ထားပြီးသားပါ။ အခြား file type တွေလဲ ရွေးချယ်ပေးလို့ ရပါတယ်။ VMDK ကိုရွေးချယ်ရင် VMware file type ဖြစ်တဲ့အတွက် VMware မှာသွားပြီး ချိတ်ဆက် အသုံးပြုလို့ ရပါတယ်။ physical hard disk အတိုင်းပါပဲ။ ဒါကတော့ logical hard disk တွေပေါ့ဗျာ။

Next ကို နှိပ်ပြီး ဆက်သွားပါ။ အောက်ပါပုံအတိုင်းတွေ့ရပါလိမ့်မည်။

Dynamically allocated ကိုပဲ ရွေးချယ်လိုက်ပါ။ ဒါဆိုရင် hard disk ကို 20 GB လို့ ပေးထားလဲ တကယ် 20 GB ကို physical hard dirve မှာ လာမယူပါဘူး။ size ကို ကြီးကြီးပေးလဲ တကယ် မယူပါဘူး။ သုံးသလောက် လိုက်ကြီးလာမှာပါ။ fixed size ဆိုရင်တော့ တကယ်ယူပါတယ်။ ပိုမြန်တယ်လို့တော့ ဆိုပါတယ်။ ဒါပေမယ့် copy ကူးပြီး နေရာရွှေ့တာလုပ်မယ်ဆိုရင် size ကြီးတော့ အဆင်မပြေနိုင်ပါဘူး။ Next ကို နှိပ်ပြီး ဆက်သွားပါ။ အောက်ပါပုံအတိုင်းတွေ့ရပါလိမ့်မည်။

Virtual machine အတွက် HDD size ရွေးချယ်ပေးရမှာပါ။ slide လေးကို ရွေ့ပြီး ရွေးချယ်လို့ ရပါတယ်။ နှစ်သက်သလောက် ထားနိုင်ပါတယ်။ default အတိုင်းကတော့ 8 GB ဖြစ်ပါတယ်။ ခုလောလောဆယ် 20 GB ထားလိုက်ပါတယ်။ နောက် Setting မှာ ဝင်ပြီး ပမာဏကို တိုးပေး လို့လဲ ရပါတယ်။ create ကို နှိပ်လိုက်ရင် virtual machine ဖန်တီးတဲ့ အဆင်ပြီးပါပြီ။

Virtual machine ဖန်တီးလို့ ပြီးတာနဲ့ Start ကို နှိပ်လိုက်ရင် Select start-up disk ဆိုပြီး တောင်းပါလိမ့်မယ်။

ကျွန်တော့်တို့ download ပြုလုပ်ခဲ့တဲ့ iso ကို ရွေးပေးလိုက်ရင် ရပါပြီ။ download လုပ်ထားတာ မဟုတ်ဘဲ အခွေရှိရင်လဲ ရပါတယ်။ folder icon လေးကို နှိပ်ပြီး ကိုယ့်မှာရှိတဲ့ iso ကိုရွေးချယ်ပေး လိုက်ပါ။ ဒါမှမဟုတ် အခွေရှိရင်လဲ optical drive ထဲ ခွေထည့်ပြီး drive ကို ရွေးချယ်ပေးလိုက်လဲ ရပါ တယ်။

ေအာက်ပါအတိုင်း Welcome Screen ကို မြင်တွေ့ရပါလိမ့်မယ်။ Enter သာ ေခါက်လိုက်ပါ။

Device များကို ေအာက်ပါအတိုင်း register လုပ်ေနတာ တွေ့ရပါလိမ့်မယ်။

Disc Found ဆိုပြီး အခွေကောင်း မကောင်း စစ်မလား ေမးတာပါ။ Skip လုပ်လိုက်ပါ။

Welcome screen ကိုမြင်ရပါလိမ့်မယ်။ Enter ေခါက်လိုက်ရုံပါပဲ။

Language ေရွးပေးလိုက်ပါ။ default ကတော့ English ပါ။ Enter ေခါက်လိုက်ရုံပါပဲ။

Keyboard ေရွးပေးလိုက်ပါ။ default ကတော့ US ပါ။ Enter ေခါက်လိုက်ရုံပါပဲ။

Time Zone ေရွးပေးရပါလိမ့်မယ်။ Tab key  နဲ့ဆင်းပြီး Down arrow ဖြင့် Asia/Rangoon ကို ေရွးချယ်ပါ။ Tab တစ်ချက်ခုန်ပြီး OK ကိုရွေးချယ်ပါ။ ပြီးရင် Enter ေခါက်လိုက်ရုံပါပဲ။

Password ထည့်ပေးလုိက်ပါ။ root password ဖြစ်ပါလိမ့်မယ်။

Use entire drive ကို Tab or up arrow ဖြင့်ရွေးပြီး Enter ေခါက်လိုက်ရုံပါပဲ။

Re-initialize all ကိုရွေးချယ် Tab key သို့မဟုတ် right arrow key ဖြင့်ရွေးပြီး Enter ေခါက် လိုက်ပါ။

Write change to disk ကိုရွေးချယ် Enter ​ခေါက်လိုက်ပါ။

အောက်ပါပုံအတိုင်း တွေ့ရပါလိမ့်မယ်။

ဆက်လက်၍ Packages များကို install ပြုလုပ်နေပါလိမ့်မယ်။

ဒီအတိုင်း Complete ဆိုရင်​တော့ ပြီးပါပြီ။ Enter ​ခေါက်လိုက်ရင် Reboot ဖြစ်သွားပါလိမ့်မယ်။

Localhost login ဆိုရင် CentOS ကို login ပြုလုပ် အသုံးပြုလို့ရပါပြီ။

Leave a Reply