fbpx

Month: October 2019

လီဗာပူးကြယ်ပွင့်တောင်ပံကစားသမား ချန်ဘာလိန်ဟာ ယမန်နေ့ညက အာဆင်နယ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ကရာဘောင်ဖလားစတုတ္ထအဆင့်ပွဲစဉ်မှာ ၎င်းရဲ့ အံ့အားသင့်ဖွယ်သွင်းဂိုးကို သွင်းယူခဲ့ပြီးနောက် အောင်ပွဲမခံဖို့ ကြိုးစားခဲ့ရတာ ခက်ခဲခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ကြောင်း Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။ လူငယ်ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ လီဗာပူးအသင်းဟာ ၃-၁၊ ၄-၂ နဲ့ နောက်ကနေ လိုက်ကစားခဲ့ရပေမယ့််လည်း အံ့အားသင့်ဖွယ် တစ်ဖက် ၅ ဂိုးစီ ညီမျှသွားအောင် လိုက်လံကစားနိုင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ လီဗာပူးကြယ်ပွင့် ချန်ဘာလိန်ဟာ ပြင်းထန်တဲ့ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် လီဗာပူးအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနေသူဖြစ်ပြီး ၈၁ မိနစ်မှာ ပက်ဒရိုချီရီဗီလာနဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဂျန့်ခ်အသင်းနဲ့ပွဲစဉ်မှာ ပြောင်မြောက်တဲ့သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့် ချန်ဘာလိန်ဟာ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီဧရိယာထိပ်ကနေ…

Read More

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကရာဘောင်ဖလားကွာတားဖိုင်နယ်အဆင့်မဲခွဲရာမှာ ကိုလ်ချက်စတာအသင်းနဲ့ တွေ့ဆုံနေခဲ့ပြီး အဲဗာတန်အသင်းကတော့ လက်စတာနဲ့ ယှဉ်ပြိုင်ကစားသွားရမယ်လို့ Daily Mail ရဲ့ဖော်ပြချက်အရ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာ ချယ်ဆီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ကရာဘောင်ဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒုတိယတန်းအသင်းဖြစ်တဲ့ ကိုလ်ချက်စတာယူနိုက်တက်ကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။ ပထမတန်းအသင်းဖြစ်တဲ့ အောက်စ်ဖို့ဒ်ယူနိုက်တက်အသင်းကတော့ လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးအသင်းနဲ့ တွေ့ဆုံနေပြီး ကျန်ပွဲစဉ် ၂ ပွဲကတော့ ပရီးမီးယားလိဂ်အသင်းတွေ အချင်းချင်း တွေ့ဆုံနေပါတယ်။ လီဗာပူးအသင်းဟာ အက်စ်တွန်ဗီလာအသင်းနဲ့ တွေ့ဆုံနေပြီး အဲဗာတန်အသင်းကတော့ လက်စတာစီးတီးအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမယ်လို့ သိရပါတယ်။ လီဗာပူးအသင်းဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေတာကြောင့်…

Read More

ဂျာမန် ကလပ် ဒေါ့မွန် အသင်း ဟာ အင်္ဂလန် ကြယ်ပွင့် လေး ဂျေဒန် ဆန်ချို မရှိတော့မယ့် အနာဂတ် အတွက် ကြိုတင်ပြီး ပြင်ဆင်မှုတွေ ပြုလုပ် နေခဲ့ပြီ လို့ သတင်းတွေကဆိုပါတယ်။သူတို့ဟာ ဆန်ချိုရဲ့ အသင်းဖော်ဟောင်းတဦးဖြစ်တဲ့ ဒယ်ရိုဆန်ကို ခေါ်ယူပြီးအစားထိုးသွားဖို့ ကြံရွယ်နေတာလည်းဖြစ်ပါတယ်။ ဆန်ချိုဟာ ဒယ်ရိုဆန်နဲ့ အတူ မန်စီးတီး အကယ်ဒမီ လူငယ်အသင်းမှာဖြတ် သန်းခဲ့သူဖြစ်ပြီး ပွဲထွက် ခွင့်သေချာစေဖို့ အတွက် ဂျာမန်မြေကို ထွက်လာခဲ့တာဖြစ်ပါတယ်။ဒေါ့မွန် အသင်းနဲ့ အတူအံ့မခန်း တိုးတက်လာတဲ့ သူ့ရဲ့ခြေစွမ်းတွေကြောင့်လည်း ဥရောပတလွှားက အသင်းကြီးတွေရဲ့ မျက်စိ ကျခြင်းကို ခံထားခဲ့ရတာဖြစ်ပါတယ်။ ဆန်ချိုကို ခေါ်ယူဖို့ ဥရောပ အသင်းကြီး တိုင်းလိုလိုက စိတ်ဝင်စားနေပြီး ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး၊ လီဗာပူး၊…

Read More

အာရှ ဘောလုံး အဖွဲ့ချုပ်ရုံးတွင် ယနေ့ ကျင်းပခဲ့သည့် လူမှုအကျိုးပြု လုပ်ငန်းများဆိုင်ရာ စွမ်းဆောင်ရည်ဆုများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားတွင် အဖွဲ့၀င်နိုင်ငံအလိုက် လူမှုအကျိုးပြု စွမ်းဆောင်ရည်ဆု (Developing Category)အား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ Winner အနေဖြင့် ဆွတ်ခူးရရှိခဲ့သည်။ အဆိုပါ ဆုအတွက် ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်နှင့် မြန်မာတို့ကို စိစစ်ရွေးချယ်ရာတွင် ဘင်္ဂလားဒေရှ့်က တတိယ နေရာ Bronze Award၊ ဟောင်ကောင်က ဒုတိယနေရာ Silver Award နှင့် မြန်မာက ပထမ နေရာ Winner အဖြစ်ချီးမြှင့် ရွေးချယ်ခံရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ပြီးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လူမှုရေး အဖွဲ့အစည်းများအား လှုဒါန်းခြင်း၊…

Read More

ယနေ့ နံနက်အစော ပိုင်း မှာ ကစားသွားခဲ့တဲ့ စီးရီးအေ ပွဲစဉ် မှာ ဂျူဗီ အသင်းက ဂျီနိုအာ အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူ ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်သွားနိုင် ခဲ့ပါတယ်။ဂျီနိုအာအသင်းဟာ လက်တလောမှာ အတော်လေးခြေစွမ်းဆိုးရွားနေပေမယ့် လက်ရှိ ချန်ပီယံ ဂျူဗီ တို့ အနိုင်ရဖို့ အတော်လေး ရုန်းကန်ခဲ့ရသေးတာဖြစ်ပါတယ်။ အသင်းရဲ့ အဓိက တိုက်စစ် ကစားသ မားရော်နယ်ဒို ပြန်လည်ပါဝင် လာခဲ့တဲ့ အခုပွဲမှာ ခံစစ် အဆိုးရွားဆုံး အသင်းတသင်းဖြစ်တဲ့ ဂျီနိုအာ အသင်းကို အနိုင်ဂိုးတွေ သွင်းနိုင်ဖို့ ဂျူဗီ တို့ ပွဲချိန် နောက်ဆုံးမိနစ် အထိစောင့်ခဲ့ ရသေးတာဖြစ်ပါတယ်။ ပွဲချိန် ၃၆ မိနစ်မှာ ဘိုနုချီရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်…

Read More

မန်ချက် စတာ ယူနိုက်တက် အသင်း တိုက်စစ် မှုးလေး မားကပ် ရက်ဖိုဒ့် က သူ ဟာ ယမန်နေ့ ညက ကစား ခဲ့တဲ့ ချဲလ်ဆီး အသင်း နဲ့ ပွဲစဉ် မှာ ကံတရား ကို ယုံစားပြီး ဖရီးကစ် ကို ကန်သွင်း ကြည့်ဖို့ ကြိုးစား ခဲ့တယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ ကာရာဘောင် ဖလား ၁၆ သင်း အဆင့် ပွဲစဉ် အဖြစ် ချဲလ်ဆီး ရဲ့ စတမ်းဖိုဒ့် ဘရစ် ကွင်းကို သွားရောက် ယှဉ်ပြိုင် ခဲ့ကာ ရက်ဖိုဒ့် ရဲ့ ဂိုးတွေ…

Read More

ယနေ့ နံနက် အစောပိုင်းက ယှဉ်ပြိုင် ကစားခဲ့တဲ့ ခါရာဘောင်း ဖလား (၁၆) သင်း ရှုံးထွက် အဆင့်မှာ လီဗာပူး အသင်း နဲ့ အာဆင်နယ် အသင်းဟာ တစ်ဖက် ငါးဂိုးစီ သွင်းယူပြီး ပရိသတ်တွေကို ဖျော်ဖြေမှု ရသ အပြည့် ပေးနိုင် ခဲ့ပါတယ် ။ လီဗာပူး အသင်းအတွက် ဂိုးတွေကို အိုရီဂီ က နှစ်ဂိုး၊မီလ်နာ၊ချိန်ဘာလိန်၊မူစတာဖီ(OG) တို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး အာဆင်နယ် အသင်းအတွက် ဂိုးတွေကိုတော့ မာတီနယ်လီ က နှစ်ဂိုး၊မိတ်လန်နိုင်းလ်စ်၊တော်ရီးယား၊ဝီးလောခ့်တို့က တစ်ဂိုးစီ သွင်းယူ ပေးခဲ့တာလည်း ဖြစ်ပါတယ် ။ သာမန်ပွဲချိန် အတွင်း သရေရလဒ် ထွက်ပေါ် နေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ အာဆင်နယ်…

Read More

မနေ့ညကတော့ လီဗာပူး နဲ့ အာဆင်နယ် အသင်းတို့ ကာရာဘောင် ဖလားပွဲစဉ် ယှဉ်ပြိုင် ကစားခဲ့ပြီး ၊ ကြားရက်ပွဲစဉ် ဖြစ်နေသည့်တိုင်အောင် ကြည့်ရှုတဲ့ ပရိသတ်တိုင်း ကို ရသ အပြည့် ပေးသွားခဲ့ပါတယ်။ ဒီပွဲဟာ မီးနစ် 90 + 5 မီးနစ် ယှဉ်ပြိုင် ကစားခဲ့ပြီး ၊ အဝေးကွင်းကို လိုက်ပါအားပေးတဲ့ အာဆင်နယ် ပရိသတ်တွေက 94 မီးနစ် အထိ ပျော်ရွှင်မှု အပြည့် ၊ အသာစီးနဲ့ အားပေးခဲ့ရတာ ဖြစ်ကာ ၊ အိမ်ရှင် လီဗာပူး ပရိသတ်တွေ ကတော့ နောက်ဆုံးမီးနစ် ရောက်မှ ပြည့်ပြည့်၀၀ အောင်ပွဲခံခဲ့ရတာ ဖြစ်ပါတယ်။ သာမန် ပွဲကစားချိန် အတွင်း တစ်ဖက် 5-5…

Read More

ယနေ့ မနက် ကစား သွားခဲ့တဲ့ ကာရာဘောင် ဖလား စတုတ္ထ အဆင့် ပွဲစဉ် ရဲ့ နောက်ဆုံး ပွဲစဉ် လည်း ဖြစ်သလို ၊ ပွဲကြီးပွဲကောင်း တပွဲ လည်း ဖြစ်တဲ့ ချယ်လ်ဆီး – မန်ချက်စတာ ယူနိုက်တက် ပွဲစဉ် ကတော့ ဧည့်သည် ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ရဲ့ အထူး ခြေစွမ်းပြမှု နဲ့ အတူ အိမ်ရှင် ချယ်လ်ဆီး အသင်း ကို ကာရာဘောင် ဖလား ကနေ ထွက်ခွာ စေခဲ့ ရပါပြီ ။ အိမ်ရှင် ချယ်လ်ဆီး အသင်း ဟာ လတ်တလော မှာ ပုံစံကောင်း ရနေပြီး နိုင်ပွဲ…

Read More

အာဆင်နယ် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ရေးပါလာ က နည်းပြ အူနိုင်း အမ်မရီ ရဲ့ အသင်း ခေါင်းဆောင် ရွေးချယ် ခန့်အပ်ပုံကို မေးခွန်းထုတ် ဝေဖန် သွားခဲ့ပြီး အသင်း အပေါ် ဦးဆောင်နိုင်စွမ်း ရှိတဲ့ ဂယ်ရီ ကာဟေးလ် ကို အရ ခေါ်ယူ ခဲ့သင့်ကြောင်း ပြောကြား လိုက်ပါတယ်။ တနင်္ဂနွေနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေစ့် နဲ့ ပွဲမှာ ပရိသတ်တွေကို ရိုင်းပျစွာ ပြုမှု ဆက်ဆံ ခဲ့တဲ့ ရှာကာ ဟာ အသင်း ခေါင်းဆောင် ရာထူးကနေ ရုတ်သိမ်း ခံရနိုင်ချေ ရှိနေတာကြောင့်အာဆင်နယ် အသင်း ခေါင်းဆောင်သစ် ဘယ်သူ ဖြစ်လာမလဲ ဆိုတာကတော့ စိတ်ဝင်စား စရာပါ…

Read More
error: Copyright By Goal Trust.